ငယ်ရွယ်တဲ့အမျိုးသားတွေ ကင်ဆာကိုလျစ်လျူမရှုပါနဲ့
အသက် ၂၂ နှစ်ရှိတဲ့ဆေးကျောင်းသား လောရင့်စ်ဟာဆေးကျောင်းသားအနေနဲ့ အစောပိုင်းကလက္ခ ဏာတွေကိုသတိပြုမိသင့်တယ်။ ရှက်တာကကိုယ့်အသက်ကိုပင် ဆုံးရှုံးလုနီးပါးဖြစ်စေခဲ့တယ်။ လော့ရင့်စ်ရဲ့ ညာဘက်ဝှေးစေ့ဟာမာနေပြီး ပုံပန်းမကျဖြစ်နေတာ ထိလို့လည်းမနာဘူးဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတာကို ရှက်လို့ ဘယ်သူ့ကိုမှမပြောပြခဲ့ဘူး။ သုံးလကြာတဲ့အခါမှာ အားနည်းပြီးမူးနောက်နောက် ဖြစ်လာတယ်။ တုပ် ကွေးနဲ့တူတဲ့လက္ခဏာတွေကြောင့် ဆရာဝန်ဆီသွားပြပါတယ်။ ဆရာဝန်အား ဝှေးစေ့အကြောင်းကိုမပြောပြခဲ့ပါ။ ပဋိဇီဝဆေးနဲ့လည်းမသက်သာပါ။ ကိုယ်အလေးချိန်က ၁၄ ပေါင်ကျသွားတယ်။ ဆေးကျောင်းကဆရာ လည်းဖြစ်တဲ့ အတိုင်ပင်ခံဆရာဝန်အား ၎င်းရဲ့ရောင်နေတဲ့ဝှေးစေ့ကိုပြတယ်။ အဲဒီဆရာဝန်က ကြည့်ပြီးတာနဲ့ ချက်ချင်းဆေးရုံကိုသွားခိုင်းတယ်။နောက်တစ်နေ့မှာ ဆေးရုံမှနည်းပညာရှင်က နှုန်းလွန်အသံလှိုင်းကိရိယာဖြင့် ဝမ်းဗိုက်ပေါ်မှာစမ်းသပ် ကြည့်တယ်။ အဲဒီကမှ အသားပိုရှိတာကိုသိရပြီး ဝှေးစေ့ကင်ဆာဆိုတာ အဲဒီအချိန်မှာသိလိုက်ရပါတယ်။ ကင် ဆာဖြစ်ပြီဆိုတာသိတာနဲ့ ချက်ချင်းပြန်လာပြီး ၎င်းရဲ့ချစ်သူဆူဆန်အားပြောပြပြီး နှစ်ယောက်အတူငိုခဲ့ကြတယ်။ နောက်ဆေးရုံတက်ပြီး နှစ်ရက်ကြာမှာဆီးရောဂါအထူးကုဆရာဝန် အူအင်မီလ်ရ...