ငယ်ရွယ်တဲ့အမျိုးသားတွေ ကင်ဆာကိုလျစ်လျူမရှုပါနဲ့
အသက် ၂၂ နှစ်ရှိတဲ့ဆေးကျောင်းသား လောရင့်စ်ဟာဆေးကျောင်းသားအနေနဲ့ အစောပိုင်းကလက္ခ ဏာတွေကိုသတိပြုမိသင့်တယ်။ ရှက်တာကကိုယ့်အသက်ကိုပင် ဆုံးရှုံးလုနီးပါးဖြစ်စေခဲ့တယ်။ လော့ရင့်စ်ရဲ့ ညာဘက်ဝှေးစေ့ဟာမာနေပြီး ပုံပန်းမကျဖြစ်နေတာ ထိလို့လည်းမနာဘူးဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတာကို ရှက်လို့ ဘယ်သူ့ကိုမှမပြောပြခဲ့ဘူး။ သုံးလကြာတဲ့အခါမှာ အားနည်းပြီးမူးနောက်နောက် ဖြစ်လာတယ်။ တုပ် ကွေးနဲ့တူတဲ့လက္ခဏာတွေကြောင့် ဆရာဝန်ဆီသွားပြပါတယ်။ ဆရာဝန်အား ဝှေးစေ့အကြောင်းကိုမပြောပြခဲ့ပါ။
ပဋိဇီဝဆေးနဲ့လည်းမသက်သာပါ။ ကိုယ်အလေးချိန်က ၁၄ ပေါင်ကျသွားတယ်။ ဆေးကျောင်းကဆရာ လည်းဖြစ်တဲ့ အတိုင်ပင်ခံဆရာဝန်အား ၎င်းရဲ့ရောင်နေတဲ့ဝှေးစေ့ကိုပြတယ်။ အဲဒီဆရာဝန်က ကြည့်ပြီးတာနဲ့ ချက်ချင်းဆေးရုံကိုသွားခိုင်းတယ်။နောက်တစ်နေ့မှာ ဆေးရုံမှနည်းပညာရှင်က နှုန်းလွန်အသံလှိုင်းကိရိယာဖြင့် ဝမ်းဗိုက်ပေါ်မှာစမ်းသပ် ကြည့်တယ်။ အဲဒီကမှ အသားပိုရှိတာကိုသိရပြီး ဝှေးစေ့ကင်ဆာဆိုတာ အဲဒီအချိန်မှာသိလိုက်ရပါတယ်။ ကင် ဆာဖြစ်ပြီဆိုတာသိတာနဲ့ ချက်ချင်းပြန်လာပြီး ၎င်းရဲ့ချစ်သူဆူဆန်အားပြောပြပြီး နှစ်ယောက်အတူငိုခဲ့ကြတယ်။
နောက်ဆေးရုံတက်ပြီး နှစ်ရက်ကြာမှာဆီးရောဂါအထူးကုဆရာဝန် အူအင်မီလ်ရွိုင်က ၎င်းရဲ့ဝမ်းဗိုက်ထဲ မှာငယ်တဲ့ခွဲစိပ်မှုတစ်ခုကို ပြုုလုပ်ပြီး၎င်းရဲ့ညာဘက်ဝှေးစေ့ကို ဖယ်ထုတ်လိုက်တယ်။ နောက်တစ်ပတ်မှာဆေးရုံ သို့ပြန်သွားပြီးကင်ဆာပျံ့နှံ့မှု ရှိမရှိသိရှိရန် စစ်ဆေးမှုများပြုလုပ်သည်။
ဆေးရုံမှအိပ်ရာပေါ် လောရင့်စ်လှဲနေစဉ်ညာဘက်က ကုတင်ပေါ်မှာဓာတုကုထုံးကြောင့် အရမ်းဖျားနေ တဲ့လူရွယ်တစ်ဦး ဝဲဘက်မှာမျက်နှာကင်ဆာကြောင့် ပါးထဲမှထွက်ပြီးအန်နေတဲ့ နောက်လူနာတို့ကိုကြည့်ပြီးငါ ဘာဖြစ်လို့မိုက်မဲပြီး အကူအညီတောင်းတာနောက်ကျရတာလဲလို့ တွေးမိတယ်။ စမ်းသပ်ကြည့်တဲ့ ရလဒ်ကမျှော် လင့်ချက်ရှိပါတယ်။ ဝှေးစေ့အသားပိုအဓိက နှစ်မျိုးအနက်ပြင်းထန်မှုပိုနည်းတဲ့ ဝှေးစေ့မြင်းဆိုးရှိနေကြောင်းသိရ ပြီးထိုကင်ဆာက ပျံ့နှံ့မှုမရှိသေးပေ။
လောရင့်စ်ဟာ ဓာတ်ရောင်ခြည်ကုထုံးကိုလေးပတ်ကြာခံယူရာ ၎င်းကြောင့်ဖျားနာခြင်းနဲ့ ဝမ်းပျက်ခြင်း များဖြစ်ခဲ့တယ်။ တစ်ညမှာ ဆံပင်ကျွတ်တာကိုတွေ့ရှိပြီး ဖခင်တစ်ယောက်ဖြစ်ဖို့အခွင့်အရေး မရှိတော့မှာကိုအ လွန်စိုးရိမ်မိတယ်။ ဒေါက်တာမီရွိုင်က ကျန်နေတဲ့ဝှေးစေ့တစ်ဖက်က သုက်ပိုးတွေလုံလောက်စွာထုတ်ပေးမှာပါ ဟု၎င်းအားနှစ်သိမ့်ပေးတယ်။ ဝှေးစေ့ကင်ဆာဖြစ်တဲ့လူနာတွေ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ ရာပေါင်းများစွာ သောကလေးတွေမွေးထုတ်ခဲ့တယ်လို့ ၎င်းကဆိုတယ်။
၎င်းရဲ့ချစ်သူ ဆူဆန်ကတစ်ချိန်လုံး အံ့သြလောက်အောင်ကူညီပေးပါတယ်။ ကိုယ့်ချစ်သူ သေနိုင်တယ် ဆိုတဲ့ကြောက်စိတ်ကို အမြဲမြိုသိပ်ထားပြီး ကုူညီပေးတယ်။ လောရင့်စ်ဟာ ကျန်းမာရေးစစ်ထားမှုကို ခြောက်လ တစ်ကြိမ်ပြုလုပ်လာရာက တစ်နှစ်တစ်ကြိမ်ပြုလုပ်ပြီး ကျန်းမာသန်စွမ်းလာပါတယ်။ ဒီနှစ်ပြဿနာကို ဒီထက် ကြာကြာလျစ်လျူရှုထားမိရင် သူသေသွားနိုင်တယ်လို့ လောရင့်စ်ကပြောတယ်။
ဝှေးစေ့ကင်ဆာဟာ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားအမျိုးသားတွေမှာဖြစ်တတ်တယ်။ လူရွယ်တွေမှာပို အဖြစ်များတယ်။ ဒီကင်ဆာဖြစ်တဲ့အမျိုးသားအယောက် ၂၀ မှာတစ်ယောက်သေနိုင်တယ်လို့ သိရတယ်။ လွန်ခဲ့ တဲ့ ၂၅ နှစ်လောက်ကစပြီး ဒီကင်ဆာရောဂါဖြစ်ပွားမှု ပိုများလာတယ်။ ဘာကြောင့်တိုးလာသလဲဆိုတာ သေ သေချာချာမပြောနိုင်သေးပါ။
ယူကေနဲ့ ကနေဒါမှကင်ဆာအထူးကုဆရာဝန်တွေဖြစ်တဲ့ ပါမောက္ခဒေးဗစ်ဖော်မင်နဲ့ ရစ်ချက်ဂေါလီယာ ဂါတို့ရဲ့ မကြာမီက လေ့လာရေးများအရသီးခြားတွေ့ရှိသည်မှာ ထိုင်းပြီးလုပ်ရတဲ့အလုပ်တွေနဲ့ ကိုယ်လက်လှုပ် ရှားလေ့ကျင့်ခန်းမလုပ်ခြင်းက ဝှေးစေ့ကင်ဆာဖြစ်နိုင်ချေနဲ့ ဆက်စပ်မှုရှိတယ်လို့သိရတယ်။ဖခင်ဒါမှမဟုတ် ညီအစ်ကိုတွေထဲမှာဝှေးစေ့ကင်ဆာရှိခဲ့ရင် (သို့) အမျိုးသားမှာမွေးရာပါ အင်္ဂါချို့တဲ့မှု ဖြစ်တဲ့ကပ္ပါယ်အိတ်အတွင်းသို့ ပုံမှန်မဆင်းတဲ့ဝှေးစေ့ရှိရင် ကင်ဆာရောဂါဖြစ်နိုင်ချေ ပိုများတယ်။ စောစောလူပျို ပေါက်ဖြစ်ရင် ဖြစ်နိုင်ချေများတယ်ဆိုတဲ့ သီအိုရီကိုဖော်မင်က စုံစမ်းစစ်ဆေးနေပါတယ်။
ဝှေးစေ့ကင်ဆာကိုစောစော စမ်းသပ်တွေ့ရှိနိုင်ရင် ရှင်သန်ဖို့နှုန်းကရာနှုန်းပြည့်နီးပါး ရှိပါတယ်။ ကင်ဆာ ပျံ့နှံ့မှုက ရင်ဘတ်နဲ့ဦးနှောက်သို့မရောက်မီ စောစောကုသခြင်းဟာ အဓိကကျပါတယ်။ အမျိုးသားတွေဟာရှက် လို့ရယ်၊ ဆေးကုသဖို့ကြောက်လို့ရယ်၊ နောက်ကျမှဆရာဝန်နဲ့ ပြကြတယ်။လောရင့်စ်ဟာ မျိုးမအောင်မှာကိုစိုးရိမ်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါတယ်။ ဆူဆန်နဲ့သူ လက်ထပ် ပြီးတစ်နှစ်အကြာမှာ ကလေးတစ်ယောက်ရခဲ့ကြတယ်။ အမျိုးသားတွေကိုယ့်ကိုယ်ကို စမ်းသပ်ကြည့်ဖို့နဲ့ဝှေးစေ့ တစ်ခုကရောင်လာရင် အစိုင်အခဲ၊ အကျိတ်လေးတစ်ခုကိုစမ်းသပ်မိရင် နာကျင်ကိုက်ခဲလာရင် ချက်ခြင်းဆရာ ဝန်နဲ့ပြဖို့လောရင့်စ်က အကြံပြုပါတယ်။
Author: နှင်းအေးဝေ (Vol-8 /No-11) Healthcare Journal
မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။

Comments
Post a Comment