Posts

Showing posts from January, 2022

သားအိမ်ကင်ဆာဖြစ်နေကြောင်း သိသင့်သည့် လက္ခဏာများ

Image
သင့်ရဲ့ကိုယ်မှာတစ်ခါတစ်လေ ရောဂါတစ်ခုခုရှိနေလောက်တယ်လို့သင်သံသယဖြစ်ရတဲ့လက္ခဏာတွေတွေ့ဖူးလား ? ရောဂါလက္ခဏာချင်းတူတဲ့ ရောဂါအများကြီးရှိသလိုသားအိမ်ကင်ဆာလိုမျိုးတိကျတဲ့ရောဂါလကဏာရှိတဲ့ရောဂါတွေလည်းရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့သူ့ရဲ့လက္ခဏာတွေကိုကြည့်ရအောင်။ မိန်းမကိုယ်အချိန်အခါမဟုတ်သွေးဆင်းခြင်း၊အစက်အပြောက်ဖြစ်ခြင်းနဲ့တခြားအရည်များဆင်းခြင်း သားအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီး၉၀ရာခိုင်နှုန်းကပုံမှန်မဟုတ်ဘဲ သွေးဆင်းကြပါတယ်။ဥပမာ – သူတို့ရာသီလာချိန်တွေမှာအပြောင်းအလဲရှိခြင်း၊ သွေးဆုံးပြီးချိန်မှ သွေးဆင်းခြင်း တွေဘဲဖြစ်ပါတယ်။ဒီလက္ခဏာကတော့ကင်ဆာကြောင့်မဟုတ်လည်းတခြားကျန်းမာရေးအခြေအနေတွေမှာဖြစ်နိုင်ပါတယ်။ဒါပေမယ့်ဒီလိုဖြစ်လာရင်တော့ဆရာဝန်ဆီသွားတာအသင့်တော်ဆုံးပါ။တကယ်လို့သင်ကသွေးဆုံးပြီးသားဖြစ်ပေမယ့်ဒီလိုသွေးဆင်းတာတွေ၊အစက်အပြောက်ဆင်းတာတွေ၊တခြားအရည်ဆင်းတာတွေရှိရင်တော့ဆရာဝန်ကိုချက်ချင်းသွားပြဖို့တော့လိုပါလိမ့်မယ်။ မိန်းမကိုယ်က သွေးမဟုတ်တဲ့တခြားအရည်တွေဆင်းခြင်းကလည်းသားအိမ်ကင်ဆာရဲ့အချက်ပြမှုတစ်ခုဖြစ်နိုင်ပါတယ်။ဆင်းတဲ့အရည်တွေထဲမှာ သွေးကိုမတွေ့ရရင်တောင်ဒါကသားအိမ်ကင်ဆာမဖြစ်နေဘူးလို့မဆိုနိုင်ပါဘူး။သားအိမ်ကင်ဆာဖြစ်ပွားမ...

ဘယ်ဆေးတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းပေါ် အကျိုးသက်ရောက်နေတာလဲ

Image
တကယ်လို့ သင်က ကလေးရနိုင်ဖို့ ကြိုးစားနေတဲ့သူဆိုရင် မျိုးအောင်နှုန်းကို သက်ရောက်နေတဲ့ အကြောင်းရင်းတွေအများကြီးရှိနေတယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။ အားလုံးထဲက အကြီးမားဆုံး အကြောင်းရင်းကတော့ ဆေးဝါးကုသမှုခံယူနေရတာပါပဲ။ ကိုယ်ဝန်ရနိုင်ချေ မြင့်မားလာဖို့အတွက် ဘယ်လိုဆေးဝါးတွေကို ရှောင်ရှားသင့်တာလဲ။ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို အနှောက်အယှက်ဖြစ်စေသော ဆေးများ အောက်ပါ အမျိုးအစားတွေမှာတော့ အမျိုးသားတွေရဲ့ မျိုးပွားမှုနဲ့ သုက်ပိုးတွေရဲ့ အရည်အသွေးတွေ၊ မျိုးအောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းတွေ( ဥပမာ gonadotropin ထုတ်လွှတ်ပေးတဲ့ ဟော်မုန်း၊ follicleကို လှုံ့ဆော်ပေးနိုင်တဲ့ဟော်မုန်းတွေ သို့မဟုတ် luteinizing ဟော်မုန်းတွေ) ပေါ်ကို ဆိုးကျိုးတွေဖြစ်စေတဲ့ဆေးဝါးတွေပါဝင်နေပါတယ်။ Testosterone ဒီကုထုံးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကိုတိုးတက်လာစေတာမှန်ပေမယ့်လည်း ဒီ testosterone ဖြည့်စွက်ဆေးတွေကို မှီခိုနေရသူတွေမှာတော့ သုက်ရည်ထုတ်လွှတ်မှုထဲမှာ သုက်ပိုးပါဝင်မှုနည်းနေတာ ဒါမှမဟုတ် သုက်ပိုးလုံးဝမပါလာတာတွေဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ သူတို့ရဲ့ခန္ဓါကိုယ်က testosterone ဟာ လူလုပ်ပစ္စည်း (သဘာဝမဟုတ်...

မိန်းမကိုယ် ကို ကာကွယ်နည်း ၁၁ ချက်

Image
သင့်မိန်းမကိုယ်ကို ကျန်းမာအောင် အကြံပေးချက်တွေ အကုန်ကို လိုက်နာတယ်လို့ ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် မိန်းမကိုယ်ကို ကာကွယ်ဖို့အတွက် အခြားနည်းပေါင်းများစွာ ရှိပါသေးတယ်။ ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတွေဟာ သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန် ရရှိခြင်းတွေမှ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် သူဟာ မိန်းမကိုယ်ရဲ့ pH level ကို ထိန်းပေးပြီး ၎င်းကို ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေက ဖျက်ဆီးပစ်ခြင်းကလည်း ကာကွယ်ပေးပါတယ်။ ဒီလို သေးငယ်တဲ့အကောင်လေးတွေဟာ မိန်းမကိုယ်ကို မှို ရောဂါတွေ၊ ဆီးလမ်းကြောင်းက ကူးစက်တတ်တဲ့ရောဂါတွေနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း တို့ကနေ ကာကွယ်ပေးဖို့ အတွက် အရေးကြီးပါတယ်။ ချည်အတွင်းခံကို ဝတ်ဆင်ပါ (သို့) အတွင်းခံ မဝတ်ဆင်ပါနဲ့။ အပြင်ထွက်မယ်ဆိုရင် ချည်သားဟာ သင့်မိန်းမကိုယ်အတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းစေပြီး ရေငွေ့တွေကို စုပ်ယူလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာ နေမယ်ဆိုရင်တော့ အတွင်းခံတွေကို မေ့လိုက်ပါ။ တစ်နေကုန် လေဝင်လေထွက်ကောင်းစေဖို့ အတွင်းခံ မဝတ်ဆင်သင့်ပါဘူး။ လေ့ကျင့်ခန်း လုပ်ပါ။ ကီဂယ် လေ့ကျင့်ခန်းဟာ တင်ပါးဆုံ အတွင်းပိုင်း ကြွက်သား...

သုက်ရည်ထဲ သွေးပါလာပြီဆိုရင် ဒါတွေကိုသတိထားပါ

Image
အမျိုးသားတစ်ယောက်အတွက်တော့ သုက်ရည်ထဲ သွေးပါလာတဲ့ကိစ္စဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းမှာတော့ အမှန်ပါပဲ။ များသောအားဖြင့် ဒါကိုဘာကြောင့်ဖြစ်တာလဲလို့ မပြောခင် တခြားလက္ခဏာတွေ၊ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာတွေကို သိထားဖို့တော့ လိုပါတယ်။ အသက် ၄၀ မပြည့်သေးတဲ့ အမျိုးသားတွေမှာ သုက်ရည်ထဲသွေးပါလာတာကလွဲပြီး တခြားဘာလက္ခဏာမှ မပြဘူးဆိုရင် သိပ်ပြီး စိတ်ပူဖို့မလိုပါဘူး။ ရက်သတ္တပတ်အနည်းငယ်အတွင်း သုက်ရည်က ပုံမှန်အရောင်အတိုင်းပြန်ဖြစ်သွားမှာပါ။ အသက် ၄၀ အထက် အမျိုးသားတွေဆိုရင်တော့ နည်းနည်းသတိထားဖို့လိုပါတယ်။ အထူးသဖြင့် သုက်လွှတ်တဲ့အခါတိုင်းလိုလို သွေးပါလာတာ၊ ဆီးထဲမှာ သွေးပါလာတာ၊ အချိန်တော်တော်ကြာတဲ့အထိ မပျောက်သွားဘူးဆိုရင် Hematospermia လို့ ခေါ်တဲ့ရောဂါဖြစ်နိုင်ပါတယ်။ သုက်ရည်ထဲ သွေးပါလာတာ တခြားဘာကြောင့်ရော ဖြစ်နိုင်လဲ။ ၁။ ဆီးကျိတ်ဂလန်း၊ သုက်ပို့ပြွန်မှာ ပိုးဝင်ပြီး ရောင်နေတာ ၂။ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (ဂနို၊ ခလက်မီးဒီးယား) ၃။ ဆီးကျိတ် အသားစယူပြီးနောက် ယာယီသွေးထွက်ခြင်း ၄။ ဓာတ်ရောင်ခြည်ကုထုံး ၅။ အမျိုးသားများ သားကြောဖြတ်ခြင်း ၆။ လိပ်ခေါင်းရောဂါ ကုသရန် ဆေးထိုးခြင်း ၇။ ဝှေးစေ့ကို ပြင်းပြင်းထန်ထန် ထိခိုက်...

ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ

Image
မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်၊ လိင်မှုကိစ္စ၊ အပျိုစင်ဘဝတို့နဲ့ ပတ်သက်ပြီး လွဲမှားတဲ့အသိတွေ ရှိနေပါတယ်။ ရာသီလာနေချိန်မှာဆို ကိုယ်ဝန်မရနိုင်ပါဘူး။ ရာသီလာနေချိန်မှာ ကိုယ်ဝန်ရနိုင်ချေနည်းပေမယ့် ရလည်းရသွားနိုင်ပါတယ်။ ရာသီလာနေတဲ့ရက်တွေမှာ မမျိုးဥ မကြွေနိုင်ဘူးလို့ ပုံမှန်အားဖြင့် သိထားကြပါတယ်။ တကယ်တော့ အဲဒီလို တထစ်ချ ပြောလို့မရပါဘူး။ ရာသီလာတဲ့ရက်နဲ့ မမျိုးဥကြွေချိန်ကို အတိအကျ မှန်းဆရခက်ပါတယ်။ ရာသီလာနေစဉ်မှာရော ပြီးပြီးချင်းမှာပါ မမျိုးဥကြွေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ရာသီစက်ဝန်းက ပုံမမှန်ဖြစ်နေရင်ပေါ့။ နောက်ပြီး ရာသီမလာပေမယ့် သွေးဆင်းတာမျိုး ရှိတတ်တယ်။ အဲဒါကို သင့်အနေနဲ့ ရာသီလာတယ်လို့ ထင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒီအပြင် လိင်ဆက်ဆံချိန်မှာ မမျိုးဥကြွေမနေဘူး ဆိုရင်တောင် သုက်ပိုးတွေက သင့်ခန္ဓာကိုယ်ထဲမှာ ၅ရက်လောက်အထိ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် အဲဒီ ၅ရက်အတွင်း မမျိုးဥကြွေလာခဲ့မယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ပုံမှန် ရာသီလာတဲ့သူဆိုရင်တော့ အဲဒီအချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေ နည်းပါတယ်။ ဒါပေမယ့်လည်း လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေတော့ ရနိုင်ပါတယ်။ ဒါကြောင...

သင့်ဖွားဖက်တော် သေးတယ်လို့ ခံစားနေရပါသလား။ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား။

Image
  အမျိုးသားထုတွေကြားမှာ မကြာခဏ အမေးများတဲ့ မေးခွန်းကတော့ သူတို့ ငယ်ပါ အရွယ်အစား သေးလားဆိုတာပါပဲ။ အရွယ်အစား ပုံမှန်ရှိတဲ့သူကလည်း ထပ်ပြီး ကြီးချင်ကြတယ်။ ပုံမှန်ထက် အနည်းငယ်ကြီးနေတဲ့ အမျိုးသားတွေကလည်း ထပ်ပြီး ကြီးဖို့ ကြိုးစားကြတယ်။ အပြာရုပ်ရှင်တွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ကိုယ့်အရွယ်အစားကို သေးတယ်လို့ မြင်လာကြတယ်။ သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ မိန်းကလေးတွေကလည်း လိင်တံအရွယ်ကြီးမှ စိတ်ကျေနပ်မှု အပြည့်အဝရနိုင်မယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလိုက်ကြတာပေါ့။ ပုံမှန်လိင်တံအရွယ်အစားဆိုတာ ဘယ်လိုမျိုးလဲ။ အရှည်ဟာ ပျော့နေတဲ့အချိန်မှာ ၂.၈လက်မ မှ ၃.၉လက်မ (၇-၁၀ စင်တီမီတာ) ရှိပြီး မာနေတဲ့အချိန်မှာ ၄.၇လက်မ မှ ၆.၃လက်မ (၁၂-၁၆ စင်တီမီတာ) ရှိပြီး၊ လုံးပတ်အနေနဲ့ ပျော့နေရင် ၃.၅လက်မ မှ ၃.၉လက်မ (၉-၁၀ စင်တီမီတာ) ရှိပြီး ထောင်မတ်နေချိန်မှာ ၄.၇လက်မ (၁၂ စင်တီမီတာ) လုံးပတ်အရွယ်အစား ဆိုရင် ပုံမှန်အရွယ်အစားလို့ သတ်မှတ်နိုင်ပါတယ်။ လိင်တံအရွယ်အစား ပျော့နေချိန်နဲ့ ထောင်မတ်နေချိန်ဟာ တိုက်ရိုက်အချိုးမကျဘူးလို့လည်း ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် ပျော့နေချိန်မှာ တော်တော်လေး သေးတယ်လို့ ထင်မှတ်ရတဲ့ လိင်တံဟာ ထောင်မတ်လာချိန်မှာ ပုံ...

ကိုယ်ဝန်ပျက်ကျရခြင်း၏ အကြောင်းရင်းများ

Image
ကလေးယူဖို့ပြင်ဆင်နေတဲ့ စုံတွဲအတွက်ကတော့ ကိုယ်ဝန်ပျက်ကျခြင်းကို အကြောက်ဆုံးပါ။ ရှောင်လွှဲလို့မရနိုင်တဲ့ အကြောင်းရင်းတွေရှိတယ်ဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာသိခြင်းအားဖြင့် ထိန်းချုပ်ကာကွယ်လို့တော့ရပါတယ်။ ရှောင်လွှဲလို့မရသောအကြောင်းရင်းများ မျိုးရိုးဗီဇ သင် သို့မဟုတ် သင့်ရဲ့ကလေး၏ မျိုးရိုးဗီဇမှာ ချို့ယွင်းချက်ရှိနေခဲ့ရင် ကိုယ်ဝန်ပျက်ကျဖို့ နီးစပ်ပါတယ်။ ပထမသုံးလပတ်အတွင်းပျက်ကျမှုတွေရဲ့ ၇၀ ရာခိုင်နှုုန်း နှင့် ဒုတိယသုံးလပတ်အတွင်းပျက်ကျမှုတွေရဲ့ ၂၀ ရာခိုင်နှုုန်း က သန္ဓေသားရဲ့ မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ သွေးစီးဆင်းမှု နည်းခြင်း သွေးချို ဆီးချိုရောဂါ၊ လည်ပင်းအကျိတ်ရောဂါ၊ နှလုံးရောဂါ နှင့် သားအိမ်တွင်းပိုးဝင်၍ရောင်ရမ်းခြင်း ကဲ့သို့သော ရောဂါများသည် သားအိမ်သို့သွေးစီးဆင်းမှုကို နည်းပါးစေပြီး ကိုယ်ဝန်ပျက်ကျစေပါတယ်။ ကိုယ်ခံအားစနစ်ပျက်ယွင်းသည့်ရောဂါများ ကိုယ်ခံအားစနစ် အားကောင်းလွန်းခြင်း သို့မဟုတ် အားနည်းလွန်းတဲ့ အခြေအနေတွေမှာ ကိုယ်ဝန်ကို သားအိမ်ကလက်မခံနိုင်စေတဲ့အတွက် မကြာခဏကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ ဟော်မုန်းဓာတ်မညီမျှခြင်း ဟော်မုန်းဓာတ်တွေဟာ ကိုယ်ဝန်ရယူဖို့ တည...

အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ

Image
 လိင်အင်္ဂါမှိုစွဲတယ်ဆိုတာ တကယ်တော့ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတတ်တဲ့ ရောဂါပါ။ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံရာကနေ အမျိုးသားတွေကို ကူးစက်ပြီး လိင်တံမှိုပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ တခြားအရေပြားပြဿနာတွေထက် ပိုအန္တရာယ်များပြီး မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် နာကျင်မှု၊ ယားယံမှုတွေအပြင် ရောဂါပိုးတွေလည်း ကူးစက်ခံရဖို့ ပိုလွယ်ကူပါတယ်။ အထူးသဖြင့် မှိုပိုးက သွေးကြောထဲဝင်ရောက်သွားတဲ့အခါ ရောဂါအခြေအနေက တော်တော်ဆိုးတယ်လို့ ပြောလို့ရပါပြီ။ လိင်တံမှိုစွဲခြင်း ရောဂါလက္ခဏာတွေက ဘာလဲ။ အစောပိုင်း ပိုးကူးစက်ခံရတဲ့အခါ အရေပြားက နီရဲနေပြီး အင်ပျဉ်တွေထနေမယ်။ လိင်တံပေါ်မှာ အဖြူကွက်တွေ အကွက်လိုက်ဖြစ်ပေါ်နေပြီး ကိုင်လိုက်ရင် စိုစိုလေးဖြစ်နေမယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့သူတွေမှာ အရေပြားကို အောက်လှန်ချလိုက်ရင် ပုံမှန်အရိအချွဲတွေလိုမဟုတ်ဘဲ မာပြီး ထူနေတဲ့အဖြူရောင်အခဲဖတ်တွေကို တွေ့ရပါမယ်။ ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်သလို ခံစားရမယ်။ မှိုပိုးဟာ တစ်ခါတစ်ရံမှာ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေနဲ့အတူ ဝင်ရောက်လာနိုင်ပါတယ်။ လိင်တံမှိုစွဲခြင်းအကြောင်း သိထားသင့်သမျှ Candida လို့ခေါ်တဲ့ မှိုပိုးကူးစက်ခံရခြင်းက အဓိကတရားခံပါပဲ။ မှိုရောဂါပိ...

အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ

Image
အတွင်းခံအကြောင်းက လူတွေအဆွေးနွေးကြဆုံး ခေါင်းစဉ်တွေထဲက တခုပါ။ကျန်းမာရေး၊တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အတွင်းခံအကြောင်းသိသင့်တဲ့ အခြေခံ အချက်လေးတွေ ရှိပါတယ်။အောက်မှာ ဖော်ပြမယ့် အချက်တွေကတော့ သင့်ကို အံ့အားသင့်ကောင်း သင့်သွားစေမယ့် အတွင်းခံ အကြောင်းသိကောင်းစရာ အချက်ခုနှစ်ချက်ပဲ ဖြစ်ပါတယ်။ ချွတ်မလား ဝတ်မလား။ ဒါဟာ အရေးပါတဲ့ ကိစ္စမဟုတ်သလို သင့်တကိုယ်ရည် ဆုံးဖြတ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ဒါပေမယ့် သင့်အနေနဲ့ အတွင်းခံဝတ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေကလည်း ရှိလို့နေပြန်ပါတယ်။စွတ်စိုပူနွေးတဲ့ ပတ်ဝန်းကျင်ရေခံမြေခံဟာ ဘက်တီးရီးယားပိုးတွေနဲ့ yeast မှိုတွေအတွက် အင်မတန်အကြိုက်တွေ့စေမယ့် အနေအထား ဖြစ်ပါတယ်။ဒါကြောင့် သင်အားကစားလုပ်တဲ့အခါ ချွေးတွေကို စုပ်ယူပြီး စိုထိုင်းမှု မရှိစေဖို့အတွက် အားကစားဘောင်းဘီအောက်မှာ အတွင်းခံတထပ်ကို ထပ်ပြီး ဝတ်သင့်ပါတယ်။ တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေဟာ သင့်ရဲ့ မိတ်ဆွေကောင်း မဟုတ်ပါ။ အမျိုးသမီး အများစုဟာ အတွင်းခံအရာတွေ ပေါ်နေမှာစိုးတဲ့အတွက် တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေကို ဝတ်လေ့ရှိကြပါတယ်။ဒါပေမယ့် ဒီအတွင်းခံ အမျိုးအစားတွေဟာ အရမ်းကျပ်ပြီး သင်ကိုယ်ကာယလေ့ကျင့...

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

Image
 ရေးသားသူ Dr. Thiha Phyo Myint ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar အမျိုးသမီးအများအပြားဟာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို ပြန်လည်ရရှိဖို့၊ကလေးမွေးပြီး ဒါမှမဟုတ် အသက်အရွယ်ကြီးလာချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းကို ပြုလုပ်ကြလေ့ရှိပါတယ်။ ဒီလိုခွဲစိတ်လိုက်ခြင်းအားဖြင့် မိန်းမကိုယ်ကို ပြန်လည်တင်းကြပ်သွားစေပြီး တွဲကျတာ၊ပုံပျက်တာမျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ဒါပေမယ့် မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်တဲ့အတွက် ခွဲစိတ်မှုမခံယူမီ ဒီအချက်ကို သေချာစွာ ထည့်သွင်းစဉ်းစားရပါမယ်။ မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက အရမ်းကြီး သိသာထင်ရှားများပြားလှတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိန်းမကိုယ်တဝိုက်မှာ နီရဲရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ခွဲစိတ်မှုခံယူပြီး ရက်အနည်းငယ်အတွင်းမှာ နာကျင်တာမျိုး၊အဖြူဆင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ မကြာခင်မှာပဲ ပျောက်ကွယ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။မိန်းမကိုယ်ခွဲစိတ်ပြုပြင်ပြီးရင် တွေ့ကြုံရမယ့...

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

Image
 ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံရာတွင် သတိပြုရမည့် အချက်များစွာရှိနေသည်။  ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာအမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒက ကိုယ်ဝန်ဆောင် ကာလ အဆင့်အဆင့် ကိုလိုက်ပြီးတော့ အပြောင်းအလဲ ရှိတယ်ဆိုပေမယ့် လိင်ဆက်ဆံမယ်ဆိုရင်လည်း အမျိုးသမီး အများစုအတွက် ဘေးကင်းစိတ်ချရမှု ရှိပါ တယ်။ အခြေအနေအရ ချိန်ဆပြောင်းလဲရမှာတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။  အမျိုးသမီးတယောက် ကိုယ်ဝန်ဆောင် စဉ်မှာ ကြုံတွေရတဲ့ အပြောင်းအလဲတွေထဲမှာ လိင်စိတ်ဆန္ဒမြင့်မားလာတာ၊ ကိုယ်ဝန်ဆောင်ကာလရဲ့အချို့အဆင့်တွေ မှာ လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ်ကို နက်နက်နဲနဲ ရတတ်တာမျိုးတွေလည်း ပါဝင်ပါတယ်။  တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့ သားအိမ်ခေါင်းကိုလည်း ရောဂါပိုးမွှားမဝင်နိုင်အောင် ထူ ထပ် တဲ့ အချွဲ အကျိတွေနဲ့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတယ်လို့ သူကပြောပါတယ်။ စိတ်ခံစားမှု အမြင့်ဆုံး အထွတ် အထိပ်အချိန်မှာ သာ...

အမျိုးသားတွေ ရင်သားဆူထွက်လာတာ ဘာကြောင့်လဲ

Image
ပတ်ဝန်းကျင်မှာ အသက်လတ်ပိုင်း အမျိုးသားတွေ ရင်သားတွေ ဆူပြီး နို့သီးခေါင်းက အရှေ့ကို ရှည်ထွက်နေတာမျိုးပေါ့။ လူတော်တော်များများက ဒါကို အဝလွန်တယ်၊ အသက်ကြီးလို့ ဖြစ်တယ်လို့ ထင်ကြပေမယ့် တကယ်ကတော့ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းတွေက နည်းနေပြီး သူ့နေရာမှာ မဟော်မုန်းတွေ များနေတာကြောင့်ပါ။ ဒီအခြေအနေကိုတော့ Gynecomastia အမျိုးသားများ ရင်သားကြီးထွားလာတဲ့ ရောဂါလို့ ခေါ်ကြပါတယ်။ ကျားဟော်မုန်းနဲ့ မဟော်မုန်းဆိုတာဘာလဲ။ ရောဂါအကြောင်း မပြောခင် အရေးပါတဲ့ ဟော်မုန်း ၂မျိုးအကြောင်း အရင်ရှင်းပြပါ့မယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကျားဟော်မုန်း (Testosterone) နဲ့ မဟော်မုန်း (Estrogen) ဆိုပြီး ၂မျိုးလုံး ရှိပါတယ်။ ယောက်ျားလေးတွေမှာတော့ ကျားဟော်မုန်းပိုများပြီး မိန်းကလေးတွေမှာ မဟော်မုန်း ပိုများပါတယ်။ ဒီဟော်မုန်း ၂မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတယ်။ လိင်စိတ်ဆန္ဒကို နှိုးဆွပေးရုံသာမက စိတ်ကျန်းမာရေးနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ အဲ့လိုမဟုတ်ဘဲ ဟော်မုန်းမျှခြေတွေက ကမောက်ကမ ဖြစ်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်...