လိင်တံထိပ်အရေပြားသန့်ရှင်းရေး


 နေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်သည့်အခါအမျိုးသားများအနေနဲ့ မျက်နှာ၊ ခြေလက် သန့်စင်ဆေးကြောရုံသာမက မိမိ၏ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လိင်အင်္ဂါ ကိုလည်းသန့်ရှင်းရေး


စနစ်တကျပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။


အောက်ပါအချက်များအတိုင်း စနစ်တကျလုပ်ဆောင်ပါက


လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း၊


အနံ့အသက်မကောင်းခြင်း၊


ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကို



ရှောင်ရှားနိုင်ပါတယ်။




၁။ တစ်နေ့တစ်ကြိမ်၊ သင်ရေချိုးသည့်အခါတွင်


လိင်တံထိပ်အရေပြားကို အဆုံးထိ


အသာလေးဆွဲတင်ပါ။


 


၂။ သင်၏လိင်တံထိပ်ကို ရေနွေးနွေးသုံးပြီး


သေသေချာချာဆေးကြောပါ။ ဆပ်ပြာသုံးချင်ရင်


ဓာတုဆေးအရမ်းမပြင်းတဲ့ဆပ်ပြာမျိုး


သုံးလို့ရပါတယ်။


 


၃။ ဆေးကြောပြီးနောက် လိင်တံ၏အဆုံးကို သန့်ရှင်းသောအဝတ်စနဲ့သုတ်ပါ။


လေနှင့် ၁၀ မိနစ်ခန့်ရေခြောက်အောင်ထားလို့ရသလို  ပိုပြီးမြန်မြန်ဆန်ဆန်ပြုလုပ်လိုပါက


ပန်ကာ (သို့မဟုတ်) ဆံပင်လေမှုတ်စက် အသုံးပြုလို့လည်းရပါတယ်။


 


၄။ ရေခြောက်ပြီးတဲ့အခါ လိင်တံထိပ်အရေပြားကို



ပြန်အုပ်ပါ။ 




၅။ ဆီးသွားသည့်အခါတိုင်း လိင်တံထိပ်အရေပြားကိုဆီးမထိစေရန် အဆုံးထိဆွဲတင်ပါ။


 


၆။ ဆီးသွားပြီးနောက် လက်ကျန်ဆီးတစ်စက်မှ


မကျန်အောင် သေသေချာချာ ခါထုတ်ပြီးရင်


လိင်တံထိပ်အရေပြားကို ပြန်အုပ်ပါ။


အားလုံးကျန်းမာချမ်းသာကြပါစေလို့


ဆုမွန်ကောင်းတောင်းလျက်….



Dr. Wallace K

Comments

Popular posts from this blog

အမျိုးသားများ ကျန်းမာသော သုတ်ရည် ရှိမရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

သားအိမ်ထဲပစ္စည်းထည့်ထားရင် လိင်ဆက်ဆံလို့ရပါ့မလား။