အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ရေးသားသူ Wathun Myat Chal ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက ယောကျ်ားမိန်းမ မရွေး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ဒုက္ခအတော်ပေးတယ်ဆိုပြီး သိထားကြပြီးသားပါ။ ဒါပေမယ့် ခုဆောင်းပါးမှာ အမျိုးသားတွေ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုသာ ဖော်ပြသွားမှာပါ။ ဒါဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ၊ ဘာအန္တရာယ်တွေ ရှိလဲ၊ ဘယ်လို ကာကွယ်မလဲ၊ ကုသမှုတွေက ဘာတွေလဲ။ အောက်မှာဖော်ပြထားတဲ့ ဆောင်းပါးက အဲ့ဒီအကြောင်းအရာတွေရဲ့ အချက်အလက်များကို ပေးသွားမှာပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ဆိုတာ ဘာလဲ။ ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ သင့်ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုး ဝင်ရောက်ပြီးနောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ သင်ဆီးသွားတဲ့အခါ သင့်ဆီးလမ်းကြောင်းထဲကို ဝင်ထားတဲ့ ဘက်တီးရီးယား အများစုက ထုတ်ပစ်ခြင်းခံလိုက်ရပါတယ်။ ဒါပေမယ့် ကျန်ခဲ့တယ့် တချို့ဘက်တီးရီးယားတွေကြောင့် Urinary Tract Infection (UTI) ဖြစ်တာပါ။ UTI ရဲ့ အန္တရာယ်တွေက ဘာတွေလဲ။ အကယ်၍ သင်က ပိုးသတ်ဆေးတွေကို အချိန်အတော်ကြာ သောက်နေရတာဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ခံနိုင်ရည်ပိုရှိလာတတ...