အမျိုးသား မျိုးဆက်ပွားကျန်းမာရေး


ရင်သွေးရတနာ ထွန်းကားဖို့ဆိုတာ မိဘတိုင်းက မျှော်လင့် တောင့်တကြတာပါ။ သို့သော် အချို့မှာ အိမ်ထောင်သက် အတော်ကြာလာသည်အထိ ကလေး မရနိုင်ပဲ ဖြစ်နေတတ်ကြသည်။ တကယ်တော့ သားသမီး မရခြင်း၏ ၃၀-၄၀%သည် အမျိုးသားများနှင့် သက်ဆိုင်သည်ကို တွေ့ရှိရသည်။


တကယ်တော့ ကျန်းမာသော အမျိုးသားတယောက်သည် တနေ့လျှင့် သုတ်ပိုး ၇၀ မှ ၁၅၀ မီလီယမ်အထိ ထုတ်လုပ်ပေးနိုင်ပြီး၊ စုတ်ပိုးသည် အမျိုးသမီးကိုယ်တွင် ၃ - ၆ ရက်ထိ ရှင်သန်နိုင်သည်။


အသက်အရွယ်၊ အစားအသောက်၊ လူနေမှုပုံစံ အလေ့အကျင့် တို့သည် အမျိုးသား မျိုးဆက်ပွား ကျန်းမာရေးကို ထိခိုက် စေနိုင်ပါသည်။


၁) အသက်အရွယ်

အမျိုးသားများ အသက်ကြီးလာလေ ကလေးရဖို့ အခွင့်အလန်း လျော့ကျလာလေ ဖြစ်သည်။ အသက်ကြီး လာသောအခါ ကျားဟော်မုန်းဓာတ် ကျဆင်းသွားပြီး သုတ်ပိုး အရေအတွက် နှင့် အရည်အချင်းပါ လျော့ကျလာသည်။


၂) အစားအသောက်


အစားအသောက်များသည် အမျိုးသား မျိုးဆက်ပွား ကျန်းမာရေးအတွက် အရေးကြီးကြောင်း လူအတော်များများ သတိမပြုမိကြချေ။ အာဟာရဓာတ် မပြည့်ဝမှု နှင့် အရက်သေစာ သောက်စားမှုများသည် သုတ်ပိုး အရေအတွက်နှင့် မျိုးအောင်ခြင်းတို့ကို လျော့ကျ စေနိုင်ပါသည်။


လေ့ကျင့်ခန်း အလွန်အမင်း ပြင်းပြင်းထန်ထန် လုပ်ခြင်း၊ ညအိပ်ချိန် နည်းလွန်းခြင်းတို့သည် အမျိုးသား မျိုးဆက်ပွား ကျန်းမာရေးကို ထိခိုက်စေပါသည်။ မျိုးပွားအင်္ဂါ ထိခိုက်ဒဏ်ရာ ရဖူးပါကလည်း မျိုးဆက်ပွားမှုကို ထိခိုက်စေနိုင်ပါသည်။



🤱သားသမီးရဖို့ ဘာတွေလုပ်သင့်သလည်း ?



ရင်သွေး ရဖို့ စတင်ကျိုးစားသူဖြစ်ဖြစ်၊ ကျိုးစားနေတာ အတန်ကြာနေသူ ဖြစ်ဖြစ်၊ မျိုးဆက်ပွား ကျန်းမာရေးကို အထောက်အကူ


ဖြစ်စေမည့် နေထိုင်မှုဘဝပုံစံ ရအောင် ပြုပြင် နေထိုင်ဖို့ အရေးကြီးပါတယ်။


♌အောက်ဖော်ပြပါ အချက်များသည် အမျိုးသားမျိုးဆက်ပွားကျန်းမာရေး ကောင်းစေဖိူ့ နှင့် သုတ်ပိုးကျန်းမာရေးတို့အတွက် အရေးကြီးပါသည်။


✔ဆောင်ရန်


၁) ဓာတ်တိုးဆန့်ကျင်သည့် (Antioxidants) အစားအစာများ စားပေးပါ။ အနီရောင်အသား စားပေးပါ။


၂) လိင်ဆက်ဆံမှု မကြာမကြာ ပြုလုပ်ပါ။ (၁ပါတ်လျှင် အနည်းဆုံး ၂ကြိမ်)


၃) ပဲပုတ်ပါသော အစားအစာများ ရှောင်ပါ။


၄) ကိုယ်အလေးချိန် မများပါစေနှင့်၊ ကျန်းမာရေးအတွက် ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။


၅) ရောဂါအခံကို ဆရာဝန်နှင့် ကုသရန်၊


၆) သွားဖုံးနှင့် ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။


❌ရှောင်ရန်


၁) ဆေးလိပ် မသောက်ရ၊


၂) ရေနွေးကန်ပူပူတွင် စိမ်ပြီး ရေမချိုးပါနှင့်၊


၃) အရက်များများ မသောက်ပါနှင့်၊


၄) Laptop ခရီးဆောင် ကွန်ပြူတာကို ပေါင်ပေါ်တင်ပြီး အလုပ် မလုပ်ပါနှင့်၊


၅) တင်းကြပ်လွန်းသော အတွင်းခံ ဘောင်းဘီ မဝတ်ပါနှင့်။


👨‍⚕️အချုပ်ဆိုရလျှင် သားသမီးရရန် ခက်ခဲသူများအနေဖြင့် ဆရာဝန်နှင့် ပြပြီး စစ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါသည်။ ယခုလို ဆေးသိပ္ပံပညာ တိုးတက်နေချိန်တွင် သားသမီး ရနိုင်သည့် နည်းလမ်း၊ ကုထုံးများစွာ ရှိနေပြီဖြစ်ပါသည်။


Credit: ကျန်းမာရးနှင့်အာဟာရ

မူရင်းရေးသားသူများနှင့် ပို့စ်တင်သူများအား လေးစားစွာ Credit ပေးပါသည်။


Comments

Popular posts from this blog

အမျိုးသားများ ကျန်းမာသော သုတ်ရည် ရှိမရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

သားအိမ်ထဲပစ္စည်းထည့်ထားရင် လိင်ဆက်ဆံလို့ရပါ့မလား။