Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ
ကမ္ဘာပေါ်မှာ Covid-19 ကြောင့် သေဆုံးသူဦးရေတွေ တစ်နေ့ထက်တစ်နေ့ များပြားလာတာနဲ့အမျှ ကိုယ်ဝန်ဆောင်မိခင် များအနေနဲ့ မိမိကိုယ်တိုင်ရော မွေးဖွားလာမယ့် ရင်သွေးလေး ရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်မေမေတွေ အမေးများတဲ့ မေးခွန်းလေးတွေအတွက် အဖြေများကို ဖော်ပြပေးလိုက်ပါတယ်။ Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေ သိထားသင့်လဲ (၁) ကိုယ်ဝန်ဆောင်မိခင် တွေက ကိုဗစ်ကူးစက်ခံရဖို့ အလားအလာများနေလား။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုဗစ်ကူးစက်နိုင်ချေ ပိုမိုများနေသလားဆိုတာကို သက်သေပြချက်များ မရှိသေးပေမယ့်လည်း ကမ္ဘာ့ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာကြီး (CDC)ရဲ့ ထုတ်ပြန်ချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ်ကူးစက်ခံရပါက ရောဂါလက္ခဏာတွေ ပိုမိုပြင်းထန်နိုင်တယ်လို့ သိရပါတယ်။ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန် ကိုဗစ်ကူးစက်ခံရပါက နောက်ဆက်တွဲဆိုးကျိုးတွေ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆို အထက်ပါ ဆိုးကျိုးတွေဖြစ်ဖို့ အလားအလာပိုများစေတာမို့လို့ ဂရုစိုက်သင့်ပါတယ်။ (၂) Covid-19 ဗိုင်းရပ်စ်ဟာ မိ...