Posts

Showing posts from May, 2022

အမျိုးသမီးတွေ ဆီးခုံမောက်တာ ဘာကြောင့်လဲ။

Image
 ဆီးခုံမောက်တယ်၊ လူက ပိန်ပိန်လေးနဲ့ ဆီးခုံကျမှ ဘာလို့ လာမောက်နေတာလဲ မသိဘူး။ အောက်ပိုင်းလေးပဲ ကွက်ပြီး ဖောင်းနေတာ ကိုယ်ကျပ်တွေ ဝတ်ရင် ကြည့်ရဆိုးလိုက်တာ စသဖြင့် ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ဘာမှမဖြစ်တောင် ဒီလိုလေး ဖောင်းနေရင် အပျိုမှ စစ်ရဲ့လား၊ လိင်စိတ်ပြင်းပြတဲ့ သူမျိုးလား စသဖြင့် စွပ်စွပ်စွဲစွဲတွေ အပြောခံရပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးခုံဖွဲ့စည်းပုံ အမျိုးသမီးတွေက ကလေးမွေးရမှ ဖြစ်လို့ သဘာဝအရ အမျိုးသားတွေထက် တင်ပဆုံရိုးကွင်း ပိုကြီးပါတယ်။ တင်ပိုကားပါတယ်။ ဆီးခုံရိုးဆက်ထားတဲ့ နေရာကလည်း ကလေးမွေးရင် ကလေးထွက်နိုင်အောင် ချဲ့ပေးရမှာဖြစ်လို့ အနည်းငယ်ပိုကျယ်ပါတယ်။ ဒါကြောင့် ဆီးခုံရိုးက နည်းနည်း ပိုသိသာပါတယ်။ ဒါပေမယ့် ဆီးခုံမောက်တဲ့ပြဿနာကတော့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်ပါတယ်။ ဆီးခုံရဲ့ ဘယ်နားက မောက်တာလဲ။ ဆီးခုံရဲ့ အပေါ် (မြင်အောင် ပြောရရင် ဆီးခုံမွေးပေါက်တဲ့နေရာ)ကို mons pubis လို့ ခေါ်ပါတယ်။ အဆီတစ်ရှူးများတဲ့ နေရာပေါ့။ လူတိုင်းမှာ ရှိပေမယ့် အဆီပမာဏ သိပ်မများတဲ့အခါ မသိသာပါဘူး။ ပမာဏ များခဲ့ရင်တော့ သတိထားမိလာပြီး အဝတ်အစားအကျပ်တွေ (ဥပမာ အသားကပ်ဘောင်းဘီ၊ ဂျင်းအကျပ်...

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

Image
 အမျိုးသားထုကြီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ Priapism ဆိုတာ လိင်အင်္ဂါ ထောင်မတ်နိုင်ခြင်း နာရီနဲ့ ချီနေပြီး လုံးဝပြန်မကျတော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန် ယောက်ျားလေး လိင်အင်္ဂါ ထောင်မတ်ခြင်း ဖြစ်စေဖို့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွေက လိင်တံအတွင်း သွေးကြောနဲ့ တစ်ရှူးထဲကို စီးဆင်းကာ ထောင်မတ်ခြင်း၊ ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်ပြီးတာနဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ပြန်ရောက်သွားပြီး လိင်အင်္ဂါ ပျော့ခွေသွားပါတယ်။ အကြာဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ပဲ ထောင်မတ်နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၄နာရီထက် ကျော်လွန်ပြီး ထောင်မတ်နေတာ၊ ဘယ်လိုမှ ပြန်မကျတော့ဘူးဆိုရင်တော့ Priapism လို့ သတ်မှတ်လို့ ရပြီး အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ Priapism ရဲ့ ရောဂါလက္ခဏာတွေ လိင်အင်္ဂါ ထောင်မတ်ပြီး ပြန်မကျတော့တဲ့ အခြေအနေကို သွေးစီးဆင်းမှုနှုန်းပေါ် မူတည်ပြီး ၂ မျိုးခွဲခြားနိုင်ပါတယ်။ ပထမ တစ်မျိုး ဖြစ်တဲ့ သွေးစီးဆင်းနှုန်း နည်းသေးတဲ့ အခြေအနေ (Low-flow or Ischemic Priapism) မှာ • ထောင်မတ်နေချိန် ၄နာရီထက် ကြာမြင့်ခြင်း • လိင်အင်္ဂါရဲ့ ထိပ်က ပျော့နေပြီး ကိုယ်ထည်က မာနေခြင်း...

သဘာဝအတိုင်း ရင်သားကြီး အောင် ဘယ်လိုလုပ်ကြမလဲ။

Image
 အမျိုးသားတွေက လိင်တံကြီးချင်ကြသလို အမျိုးသမီးတွေကလည်း မိမိရင်သားအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ တကယ်တော့ ရင်သားကြီး ခြင်း၊ သေးခြင်းဆိုတာက ကျန်းမာရေးအရတော့ ဘာမှမထူးခြားလှပါဘူး။ တချို့လေ့လာချက်တွေမှာ ရင်သားကြီးလွန်းရင် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်တောင် ဆိုကြပါတယ်။ ဒါပေမယ့် လူဆိုတာမျိုးကတော့ လှချင်ကြတာချည်းပါပဲ။ ဒီတော့ ရင်သားအပါအဝင် မိမိရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သေးအောင်၊ ကြီးအောင် အမျိုးမျိုး ပြုပြင်ကြပါတယ်။ ခုပြောပြမှာကတော့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေ မသုံးဘဲ မိမိရင်သားကို ကြီးထွားအောင် လုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ ရင်သားအရွယ်အစားကို ဘာတွေက ထိန်းချုပ်ထားတာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား မတူရတာက မျိုးရိုးဗီဇ အသက်အရွယ် ကိုယ်အလေးချိန် ဟော်မုန်း ကိုယ်ဝန်ရှိမရှိ စတာတွေနဲ့ ဆိုင်ပါတယ်။ ရင်သားက အဆီတစ်ရှူးဖြစ်တဲ့အတွက် ဝလာရင် ရင်သားလည်း အလိုလို ကြီးလာပါတယ်။ တချို့ လူကောင်သေးပြီး ရင်သားကြီးတဲ့သူတွေလည်း အနည်းငယ်ရှိပါတယ်။ ဒါပေမယ့် ရင်သားကြီးအောင်ဆိုပြီး ဝလာအေင်တော့ မလုပ်သင့်ပါဘူး။ အဝလွန်တာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။ သဘာဝအတိုင်း ရင်သား...

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

Image
  သွေးနွေးသတ္တဝါတွေထဲမှာ အမတွေသာမက အဖိုတွေပါ နို့တိုက် လို့ရတယ်ဆိုတာကို တော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် လူဆိုတဲ့ သွေးနွေးသတ္တဝါတွေမှာ အမျိုးသားတွေဆိုရင်ရော ရင်သားကနေ နို့ထွက် နိုင်လား၊ နို့ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဒီဆောင်းပါးမှာ ကျွန်တော်က ရှင်းပြပေးချင်ပါတယ်။ နို့ဖြစ်ပေါ်လာရခြင်း မူလအစပထမ အယ်လ်ဗီယိုလိုင် (Alveoli) လို့ ခေါ်တဲ့ ရင်သားတစ်ရှူးရဲ့ သေးငယ်တဲ့ အခေါင်းပေါက်တွေထဲမှာ နို့ကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး နို့ကို ထုတ်လုပ်ပေးဖို့အတွက် အဓိက လှုံ့ဆော်ပေးတာကတော့ ပရိုလက်တင် (Prolactin) လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ ဒီဟော်မုန်းဟာ ပီကျူထရီဂလန်း (Pituitary Gland) ကနေ အများဆုံး ထုတ်ပေးသလို အမျိုးသမီးတွေရဲ့ သားအိမ်နံရံ (Myometrium) နဲ့ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကနေ ပမာဏအနည်းငယ် ထုတ်လုပ်ပေးနိုင်ပါတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ ရင်သားမှာ အယ်လ်ဗီယိုလိုင် တစ်ရှူးတွေ ရှိတာမှန်ပေမယ့် ခန္ဓာကိုယ်ရဲ့ ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်နိုင်တဲ့ ပမာဏကတော့ မတူပါဘူး။ ကိုယ်ဝန်ဆောင်နေခြင်းမရှိတဲ့ အမျိုးသမီးတစ်ဦးမှာ ကျန်းမာတဲ့ အမျိုးသားတစ်ဦးထက် ပရိုလက်တင်ဟော်မုန်း ပမာဏ...