အမျိုးသား အများစု မလိုအပ်သောဆေး
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခု အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်းက Journal of Clinical Endocrinol-ogy and Metabolism ဂျာနယ်မှာ ဖော်ပြပါရှိခဲ့သော ဆောင်းပါးတစ်ပုဒ်အရ အမျိုးသားတစ်ဦးရဲ့ ကျားဟော်မုန်းဖြစ်သော တက်စတိုစရုန်းဟာ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းလောက် လျော့ပါးလာလေ့ရှိတယ်လို့ သိရှိရပါတယ်။ ပုံမှန်အားဖြင့် အသက်ရ လာတာနဲ့အမျှ အမျိုးသားတို့ရဲ့ တက်စတိုစတီရုန်းပမာဏဟာ သဘာဝအလျောက် လျော့ကျလာလေ့ ရှိပါတယ်။ သို့သော်လည်း ဝမ်းဗိုက်အဆီများက ဟော်မုန်းပမာဏကို ပိုမို လျော့ပါးလာစေပါတယ်။ ကော်တီဆုန်းဆေးနှင့် ဘိန်းအနွယ်ဝင် ဆေးဝါးများ၊ ပလပ်စတစ်အိတ်များတွင် ပါဝင်လေ့ရှိသည့် bisphenol A(BPA) စသော ဓာတုပစ္စည်းများ၊ ဆီးချိုရောဂါ ကဲ့သို့သော ရောဂါများ စသည်တို့ကလည်း သွေးတွင်းလည်ပတ်နေသော တက်စတိုစတီရုန်းဟော်မုန်း ပမာဏကို လျော့ပါးစေပါတယ်။ တက်စတိုစတီရုန်းပမာဏ နည်းပါးလားခြင်းကို အမျိုးသားတွေက ခံစားမိလေ့ရှိပါတယ်။ သွေးရည်ကြည်တွင်းရှိ တက်စတိုစတီရုန်းပမာဏ ၂၂၀-၃၀၀ ng/ dl ထက်နည်းပါးသော အခြေအနေကို တက်စတိုစတီရုန်း အားနည်းခြင်းလို့ ခေါ်ဆိုကြပြီး အမျိုးသားများတွင် ကာမဆန္ဒအား...