အာသာဖြေခြင်းအတွက် ဆောင်ရန်ရှောင်ရန်များ
အာသာဖြေတယ်ဆိုတာ လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒကို လိင်ဆက်ဆံခြင်းမဟုတ်ဘဲ တစ်ခြားသောနည်းလမ်းတွေနဲ့ ဖြေဖျောက်တာပါ အာသာဖြေခြင်းဆိုတာ လူငယ်လူရွယ်တွေမှာရော အသက်ကြီးပိုင်းတွေမှာရော ထူးဆန်းတဲ့ အပြုအမူတစ်ခု မဟုတ်တော့ပါဘူး တစ်ချို့ အာသာဖြေတာကို ထုတ်ပြောတတ်ပြီး တစ်ချို့ထုတ်ပြောလေ့မရှိတာပဲ ကွာပါတယ် ။ အာသာဖြေတာက အပျို လူပျိုလည်း လုပ်ကြတာရှိသလို အိမ်ထောင်သည်တွေမှာလည်း လုပ်နေကြတာပါပဲ အာသာဖြေတဲ့ နည်းလမ်းတွေလည်း အမျိုးမျိုးရှိတတ်ကြတယ် ။ အာသာဖြေခြင်းက ကျန်းမာရေးအတွက်ရော အိမ်ထောင်ရေးအတွက်ပါ ကောင်းလားဆိုတာ ပြန်စဉ်းစားကြည့်ကြရအောင်ပါ ။ အမျိုးသားတွေရော အမျိုးသမီးတွေပါ အာသာဖြေတာကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်တတ်ကြတယ်။ အာသာဖြေတဲ့ ပစ္စည်းတွေသုံးတာရှိသလို လက်ကိုအသုံးပြုတာလည်း ရှိပါတယ်။ ဘယ်နည်းလမ်းပဲသုံးသုံး အာသာဖြေတာကြောင့် ကျန်းမာရေး မထိခိုက်ဖို့လိုတယ်။ အာသာမဖြေခင်မှာ လက်လည်း သေချာဆေးပါ ပစ္စည်းအသုံးအဆောင်တွေလည်း သေချာဆေးကြောဖို့လိုပါတယ် ပစ္စည်းအသုံးပြုတဲ့သူတွေဆို မိမိတစ်ဦးတည်းအသုံးပြုတာ ဖြစ်ဖို့လိုပါတယ် ။ အာသာမဖြေခင်မှာတော့ ဆီးသွားပြီး ရေသေချာဆေးထားဖို့ လိုပါတယ် အာသာဖြေခြင်းကြောင့် ဆီးသွားချင်စိတ်ဖြစ်လာတဲ့အခါလ...