လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ
လိင်တူစိတ်ဝင်စားသူတွေအတွက်တော့ကိုယ့်အနေအထား ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ဖို့က အကြီးမားဆုံး စိန်ခေါ်မှုအခက်အခဲပါပဲ။ ဒီသတင်းကိုကြားရရင် ကိုယ့်မိသားစုနဲ့အသိမိတ်ဆွေတွေက ဘယ်လိုတုံ့ပြန်လာ လေမလဲဆိုတာ စိုးရိမ်မိတာသဘာဝကျပါတယ်။ လူမှုရေး လောကရဲ့ဝေဖန်ပြောဆိုမှုတွေကို ကြောက်တာနဲ့ပဲ သင့်အနေအထားကို ပြန်ဖုံးကွယ်မိစေပါတယ်။ ဒါပေမယ့် ကိုယ့်အနာဂတ်အတွက် ပြန်စဉ်းစားသင့်ပါတယ်။ ဖွင့်ဟ ဝန်ခံလိုက်တာကပဲ သင့်ရဲ့ချစ်ခင်ရသူတွေအပေါ်မလိမ်ညာ၊ မကွယ်ဝှက်ဘဲ ရိုးရိုးသားသားဆက်ဆံနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ဒီလိုဝန်မခံခင်မှာ အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် နားလည်အောင်လုပ်ဖို့ပါပဲ။ တချို့က အရမ်းငယ်ရွယ်သေးတဲ့အချိန်ကတည်းက ကိုယ့်ရဲ့လိင်အမျိုးအစားကိုသိထားတာတောင် ကိုယ်ဟာ ကျားလား ၊မလား အချိန်ကြာလာတဲ့အမျှ ခံစားချက် ဇဝေဇဝါ ရှုပ်ထွေးနေဆဲ ဖြစ်နေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိခြင်းဟာ အပြစ်မကင်းစိတ်၊ ငြင်းပယ်ခံရမှာကြောက်ရွံ့စိတ်တို့လို ကိုယ့်ခံစားချက်တွေ ကို ကျော်ဖြတ်အောင်မြင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါ တယ်။ဒီအခြေအနေကို မဖြေရှင်းနိုင်ရင် ဆွေးနွေးတိုင်ပင် လို့ရမယ့်လူကိုရှာပါ။ ကိုယ့်မှာဖြစ်နေတဲ့အခြေအနေနဲ့ ပတ်...