Posts

အမျိုးသမီးတွေ ဆီးခုံမောက်တာ ဘာကြောင့်လဲ။

Image
 ဆီးခုံမောက်တယ်၊ လူက ပိန်ပိန်လေးနဲ့ ဆီးခုံကျမှ ဘာလို့ လာမောက်နေတာလဲ မသိဘူး။ အောက်ပိုင်းလေးပဲ ကွက်ပြီး ဖောင်းနေတာ ကိုယ်ကျပ်တွေ ဝတ်ရင် ကြည့်ရဆိုးလိုက်တာ စသဖြင့် ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ဘာမှမဖြစ်တောင် ဒီလိုလေး ဖောင်းနေရင် အပျိုမှ စစ်ရဲ့လား၊ လိင်စိတ်ပြင်းပြတဲ့ သူမျိုးလား စသဖြင့် စွပ်စွပ်စွဲစွဲတွေ အပြောခံရပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးခုံဖွဲ့စည်းပုံ အမျိုးသမီးတွေက ကလေးမွေးရမှ ဖြစ်လို့ သဘာဝအရ အမျိုးသားတွေထက် တင်ပဆုံရိုးကွင်း ပိုကြီးပါတယ်။ တင်ပိုကားပါတယ်။ ဆီးခုံရိုးဆက်ထားတဲ့ နေရာကလည်း ကလေးမွေးရင် ကလေးထွက်နိုင်အောင် ချဲ့ပေးရမှာဖြစ်လို့ အနည်းငယ်ပိုကျယ်ပါတယ်။ ဒါကြောင့် ဆီးခုံရိုးက နည်းနည်း ပိုသိသာပါတယ်။ ဒါပေမယ့် ဆီးခုံမောက်တဲ့ပြဿနာကတော့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်ပါတယ်။ ဆီးခုံရဲ့ ဘယ်နားက မောက်တာလဲ။ ဆီးခုံရဲ့ အပေါ် (မြင်အောင် ပြောရရင် ဆီးခုံမွေးပေါက်တဲ့နေရာ)ကို mons pubis လို့ ခေါ်ပါတယ်။ အဆီတစ်ရှူးများတဲ့ နေရာပေါ့။ လူတိုင်းမှာ ရှိပေမယ့် အဆီပမာဏ သိပ်မများတဲ့အခါ မသိသာပါဘူး။ ပမာဏ များခဲ့ရင်တော့ သတိထားမိလာပြီး အဝတ်အစားအကျပ်တွေ (ဥပမာ အသားကပ်ဘောင်းဘီ၊ ဂျင်းအကျပ်...

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

Image
 အမျိုးသားထုကြီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ Priapism ဆိုတာ လိင်အင်္ဂါ ထောင်မတ်နိုင်ခြင်း နာရီနဲ့ ချီနေပြီး လုံးဝပြန်မကျတော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန် ယောက်ျားလေး လိင်အင်္ဂါ ထောင်မတ်ခြင်း ဖြစ်စေဖို့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွေက လိင်တံအတွင်း သွေးကြောနဲ့ တစ်ရှူးထဲကို စီးဆင်းကာ ထောင်မတ်ခြင်း၊ ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်ပြီးတာနဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ပြန်ရောက်သွားပြီး လိင်အင်္ဂါ ပျော့ခွေသွားပါတယ်။ အကြာဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ပဲ ထောင်မတ်နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၄နာရီထက် ကျော်လွန်ပြီး ထောင်မတ်နေတာ၊ ဘယ်လိုမှ ပြန်မကျတော့ဘူးဆိုရင်တော့ Priapism လို့ သတ်မှတ်လို့ ရပြီး အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ Priapism ရဲ့ ရောဂါလက္ခဏာတွေ လိင်အင်္ဂါ ထောင်မတ်ပြီး ပြန်မကျတော့တဲ့ အခြေအနေကို သွေးစီးဆင်းမှုနှုန်းပေါ် မူတည်ပြီး ၂ မျိုးခွဲခြားနိုင်ပါတယ်။ ပထမ တစ်မျိုး ဖြစ်တဲ့ သွေးစီးဆင်းနှုန်း နည်းသေးတဲ့ အခြေအနေ (Low-flow or Ischemic Priapism) မှာ • ထောင်မတ်နေချိန် ၄နာရီထက် ကြာမြင့်ခြင်း • လိင်အင်္ဂါရဲ့ ထိပ်က ပျော့နေပြီး ကိုယ်ထည်က မာနေခြင်း...

သဘာဝအတိုင်း ရင်သားကြီး အောင် ဘယ်လိုလုပ်ကြမလဲ။

Image
 အမျိုးသားတွေက လိင်တံကြီးချင်ကြသလို အမျိုးသမီးတွေကလည်း မိမိရင်သားအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ တကယ်တော့ ရင်သားကြီး ခြင်း၊ သေးခြင်းဆိုတာက ကျန်းမာရေးအရတော့ ဘာမှမထူးခြားလှပါဘူး။ တချို့လေ့လာချက်တွေမှာ ရင်သားကြီးလွန်းရင် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်တောင် ဆိုကြပါတယ်။ ဒါပေမယ့် လူဆိုတာမျိုးကတော့ လှချင်ကြတာချည်းပါပဲ။ ဒီတော့ ရင်သားအပါအဝင် မိမိရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သေးအောင်၊ ကြီးအောင် အမျိုးမျိုး ပြုပြင်ကြပါတယ်။ ခုပြောပြမှာကတော့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေ မသုံးဘဲ မိမိရင်သားကို ကြီးထွားအောင် လုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ ရင်သားအရွယ်အစားကို ဘာတွေက ထိန်းချုပ်ထားတာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား မတူရတာက မျိုးရိုးဗီဇ အသက်အရွယ် ကိုယ်အလေးချိန် ဟော်မုန်း ကိုယ်ဝန်ရှိမရှိ စတာတွေနဲ့ ဆိုင်ပါတယ်။ ရင်သားက အဆီတစ်ရှူးဖြစ်တဲ့အတွက် ဝလာရင် ရင်သားလည်း အလိုလို ကြီးလာပါတယ်။ တချို့ လူကောင်သေးပြီး ရင်သားကြီးတဲ့သူတွေလည်း အနည်းငယ်ရှိပါတယ်။ ဒါပေမယ့် ရင်သားကြီးအောင်ဆိုပြီး ဝလာအေင်တော့ မလုပ်သင့်ပါဘူး။ အဝလွန်တာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။ သဘာဝအတိုင်း ရင်သား...

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

Image
  သွေးနွေးသတ္တဝါတွေထဲမှာ အမတွေသာမက အဖိုတွေပါ နို့တိုက် လို့ရတယ်ဆိုတာကို တော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် လူဆိုတဲ့ သွေးနွေးသတ္တဝါတွေမှာ အမျိုးသားတွေဆိုရင်ရော ရင်သားကနေ နို့ထွက် နိုင်လား၊ နို့ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဒီဆောင်းပါးမှာ ကျွန်တော်က ရှင်းပြပေးချင်ပါတယ်။ နို့ဖြစ်ပေါ်လာရခြင်း မူလအစပထမ အယ်လ်ဗီယိုလိုင် (Alveoli) လို့ ခေါ်တဲ့ ရင်သားတစ်ရှူးရဲ့ သေးငယ်တဲ့ အခေါင်းပေါက်တွေထဲမှာ နို့ကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး နို့ကို ထုတ်လုပ်ပေးဖို့အတွက် အဓိက လှုံ့ဆော်ပေးတာကတော့ ပရိုလက်တင် (Prolactin) လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ ဒီဟော်မုန်းဟာ ပီကျူထရီဂလန်း (Pituitary Gland) ကနေ အများဆုံး ထုတ်ပေးသလို အမျိုးသမီးတွေရဲ့ သားအိမ်နံရံ (Myometrium) နဲ့ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကနေ ပမာဏအနည်းငယ် ထုတ်လုပ်ပေးနိုင်ပါတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ ရင်သားမှာ အယ်လ်ဗီယိုလိုင် တစ်ရှူးတွေ ရှိတာမှန်ပေမယ့် ခန္ဓာကိုယ်ရဲ့ ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်နိုင်တဲ့ ပမာဏကတော့ မတူပါဘူး။ ကိုယ်ဝန်ဆောင်နေခြင်းမရှိတဲ့ အမျိုးသမီးတစ်ဦးမှာ ကျန်းမာတဲ့ အမျိုးသားတစ်ဦးထက် ပရိုလက်တင်ဟော်မုန်း ပမာဏ...

အမျိုးသား အများစု မလိုအပ်သောဆေး

Image
 လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခု အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်းက Journal of Clinical Endocrinol-ogy and Metabolism ဂျာနယ်မှာ ဖော်ပြပါရှိခဲ့သော ဆောင်းပါးတစ်ပုဒ်အရ အမျိုးသားတစ်ဦးရဲ့ ကျားဟော်မုန်းဖြစ်သော တက်စတိုစရုန်းဟာ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းလောက် လျော့ပါးလာလေ့ရှိတယ်လို့ သိရှိရပါတယ်။ ပုံမှန်အားဖြင့် အသက်ရ လာတာနဲ့အမျှ အမျိုးသားတို့ရဲ့ တက်စတိုစတီရုန်းပမာဏဟာ သဘာဝအလျောက် လျော့ကျလာလေ့ ရှိပါတယ်။ သို့သော်လည်း ဝမ်းဗိုက်အဆီများက ဟော်မုန်းပမာဏကို ပိုမို လျော့ပါးလာစေပါတယ်။ ကော်တီဆုန်းဆေးနှင့် ဘိန်းအနွယ်ဝင် ဆေးဝါးများ၊ ပလပ်စတစ်အိတ်များတွင် ပါဝင်လေ့ရှိသည့် bisphenol A(BPA) စသော ဓာတုပစ္စည်းများ၊ ဆီးချိုရောဂါ ကဲ့သို့သော ရောဂါများ စသည်တို့ကလည်း သွေးတွင်းလည်ပတ်နေသော တက်စတိုစတီရုန်းဟော်မုန်း ပမာဏကို လျော့ပါးစေပါတယ်။ တက်စတိုစတီရုန်းပမာဏ နည်းပါးလားခြင်းကို အမျိုးသားတွေက ခံစားမိလေ့ရှိပါတယ်။ သွေးရည်ကြည်တွင်းရှိ တက်စတိုစတီရုန်းပမာဏ ၂၂၀-၃၀၀ ng/ dl ထက်နည်းပါးသော အခြေအနေကို တက်စတိုစတီရုန်း အားနည်းခြင်းလို့ ခေါ်ဆိုကြပြီး အမျိုးသားများတွင် ကာမဆန္ဒအား...

အမျိုးသမီးများအတွက် ဒွိဟများတက်သော ရာသီပေါ်ခြင်း

Image
 အမျိုးသမီးတွေအတွက် ရာသီပေါ်တယ်၊ ဓမ္မတာပေါ်တယ်ဆိုတာအရေးကြီးပါတယ်။ ရာသီရက်ကျော်တဲ့အခါ၊ ရာသီနည်းတဲ့အခါ၊ ရာသီများတဲ့အခါတွေမှာ ဘာကြောင့်လဲဆိုတာ သို့လောသို့လောဖြစ်တတ်ကြပါတယ်။ ရာသီဆင်းတယ်ဆိုတာ အမျိုးသမီးထုအတွက်ဖြစ်ရိုးဖြစ်စဉ်ပါ။ ရာသီစတင်ဆင်းခြင်းဟာ အပျိုဖော်ဝင်ခြင်းတွေ ထဲကလက္ခဏာတစ်ခုပါ။ အသက် ၁၂ နှစ်အရွယ်မှာ ရာသီစတင်ပေါ်တတ်တယ်။ တချို့လည်းစောတယ်၊ တချို့ လည်းနောက်ကျတယ်။ အသက် ၁၁ နှစ်ကနေ ၁၅ နှစ်အတွင်းတော့ စောင့်ကြည့်လို့ရပါတယ်။ ဒါထက်စောပြီး ဓမ္မတာပေါ်တတ်ရင် နောက်ကျတဲ့အထိမှဓမ္မတာမပေါ်သေးရင်တော့ ဆရာဝန်တွေနဲ့တိုင်ပင်ကြည့်ဖို့လိုပါတယ်။ ရာသီဓမ္မတာပေါ်ခြင်းက မျိုးရိုး၊ အစာအာဟာရနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့ အပြောင်းအလဲတော့ဖြစ်နိုင် ပါတယ်။ အပျိုဖော်ဝင်ကာစအချိန်တွေမှာတော့ ရာသီပေါ်တဲ့ရက်တွေမမှန်တာတွေ နည်းတာ၊ များတာတွေဖြစ်တတ် တယ်။ ပုံမှန်မရှိတတ်ဘူး။ အချိန်ကြာလာတာနဲ့အမျှတော့ ရာသီဆင်းတဲ့ရက်ကိုတွက်လာနိုင်တယ်။ စိတ်နဲ့မမှတ် နိုင်တဲ့သူတွေကတော့ ပြက္ခဒိန်မှာရေးပြီးမှတ်ထားသင့်တယ်။ ရာသီဆင်းတယ်ဆိုတာ အများအားဖြင့်တော့ တစ် လတစ်ခါဆိုပေမယ့် တချို့လည်းတစ်လထဲမှာ နှစ်ခါဆင်းတယ်။ ဒါတွေက ရာသီစက်ဝန်းကြောင့်ပါ။ ရာသီနှစ်ခု ...

ကွန်ဒုံးသုံးတော့မယ်ဆိုရင် ကိုယ့်အရွယ်အစား ကိုယ်သိဖို့လိုမယ်

Image
 ကွန်ဒုံး သုံးယုံနဲ့ စိတ်ချရပြီထင်နေသလား ဘော်ဒါ။အမှားကြီးမှားသွားပါလိမ့်မယ်။ကလေးမရဖို့ နဲ့ ရောဂါတွေမကူးစက်ဖို့ဆိုရင် ခင်ဗျားဟာ အရွယ်အစားမှန်ကန်တဲ့ကွန်ဒုံးကိုရွေးချယ်တတ်ဖို့ လိုပါလိမ့်မယ်။အရမ်း ကြီးနေတဲ့ ကွန်ဒုံးသုံးမိရင် ကျွတ်ထွက်တာမျိုး ဖြစ်နိုင်ပြီး အရမ်းသေးရင်ကျပြန်တော့ ကွန်ဒုံးပေါက်သွားတာမျိုးတွေ ဖြစ်နိုင်တယ်။ဒါကြောင့် ခင်ဗျားအနေနဲ့ ကွန်ဒုံးဝယ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဒီစာကိုဖတ်။အချိန်ယူလေ့လာပြီးမှ ကိုယ်နဲ့ အံကိုက်ဖြစ်မဲ့ကွန်ဒုံးမျိုးကို ရွေးဝယ်ဖို့ လိုမယ်။ ကိုယ့်ဟာကိုယ်တိုင်းပါ ပထမဆုံးလုပ်ရမှာက ကိုယ့်လက်နက်ကို ကိုယ်ကိုယ်တိုင်တိုင်းဖို့ပဲ။ကွန်ဒုံးတခုရဲ့ အရွယ်အစားကို လုံးပတ်ရယ် အရှည်ရယ်နဲ့ တိုင်းတာတယ်။ဒီတော့ ကိုယ့်လက်နက်ရဲ့ လုံးပတ် နဲ့ အရှည်ကို တိုင်းဖို့လိုမယ်။တိုင်းတဲ့အခါမှာ အရေးကြီးတဲ့အချက်က တောင်မတ်နေတဲ့အချိန်ဖြစ်ဖို့ပါပဲ။ပထမဆုံးအရှည်ကို စ တိုင်းမယ် ။ဆီးခုံရိုးပေါ်ကနေ လက်နက်ထိပ်ထိကို ပေတံ ဒါမှမဟုတ် ပေကြိုးနဲ့တိုင်းပါ။ဒါ ခင်ဗျား လက်နက်ရဲ့ အရှည်ပဲ။နောက်ပြီး လုံးပတ်။သူကျတော့ အတုတ်ဆုံးနေရာကို ပေကြိုးနဲ့ပတ်ပြီး တိုင်းလိုက်ယုံပဲ။အတိုင်းအတာကတော့” လက်မ” (inch ) နဲ့ပဲ ယူမယ်။ဒါဆို ခင်...